မြန်မာနိုင်ငံရှိ ရက်ဒ်အပေါင်းအကောင်အထည်ဖော်ဆောင်မှုနှင့်ဂျဲန်ဒါဆိုင်ရာအမျိုးသားအဆင့် စွမ်းဆောင်ရည်မြှင့်တင်ရက်တိုသင်တန်းပြီးဆုံး

ပွိုင့်(POINT)အဖွဲ့ မှ ကမကဌပြုကာ ရက်ဒ်အပေါင်းREDD +(Reducing Emissions from Deforestation and Forest Degradation +)အကောင်အထည်ဖော်ဆောင်မှုနှင့် ဂျဲန်ဒါဆိုင်ရာအမျိုးသားအဆင့် စွမ်းဆောင်ရည်မြှင့်တင်မှုရက်တိုသင်တန်းကို ဂျူလိုင်လ ၁၀ရက်မှ ဂျူလိုင်လ ၁၂ရက်နေ့ အထိ ၃ရက်တိတိ နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင်ကျင်းပခဲ့သည်။

အဆိုပါရက်တိုသင်တန်းတွင် ဋ္ဌာနေတိုင်းရင်းသူအမျိုးသမီးများနှင့် ဋ္ဌာနေတိုင်းရင်းသူအမျိုးသမီးခေါင်းဆောင်မှုများကို ဂျန်ဒါ၊ ဋ္ဌာနေတိုင်းရင်းသူအမျိုးသမီးခေါင်းဆောင်မှုနှင့် စည်းရုံးလှုံ့ ဆောင်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ ရက်ဒ်အပေါင်းလုပ်ငန်းစဉ်များနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကတိက၀တ်များကိုမိတ်ဆက်ပေးခြင်း နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကတိက၀တ်များနှင့် ရက်ဒ်အပေါင်းလုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စွာပူးပေါင်းဆောင်ရွက်နိုင်ရန် ရက်ဒ်အပေါင်းလုပ်ငန်းစဉ်တွင် ဋ္ဌာနေတိုင်းရင်းသူအမျိုးသမီးများအခန်းကဏ္ဍဆိုင်ရာ ဒေသအတွေ့ အကြုံဖလှယ်ခြင်း စသည့် ခေါင်းစဉ် ၃ခုဖြင့် ပို့ ချကာ ဆွေးနွေးဖလှယ်ခဲ့သည်။ သင်တန်း၏ပဋ္ဌမရက်မနက်ပိုင်းတွင် ပွိုင့်အဖွဲ့ အစည်းမှ ဒါရိုက်တာဖြစ်သူ ဆရာမ နော်အိအိမင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဋ္ဌာနေတိုင်းရင်းသားများအဓိပ္ပါယ်၊ ကုလသမဂ္ဂနှင့်၎င်း၏ရည်ရွယ်ချက်၊ ဋ္ဌာနေတိုင်းရင်းသားများနှင့် ကုလသမဂ္ဂ စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် သင်တန်းသူ၊ သင်တန်းသားများကိုရှင်းလင်းပြခဲ့သည်ဟု RISE အဖွဲ့ အစည်းမှ သင်တန်းတက်ရောက်ရန်ဖိတ်ကြားခြင်းခံရသည့် ၂ဦးအနက်မှ ဆရာမမူလွမ်းပိုက ပြန်လည်ရှင်းလင်းပြောကြားပါသည်။

ဆရာမ မူ့လွမ်းပိုက “ကျွန်မက ဒီလိုပညာရေးနဲ့  တိုက်ရိုက်မပတ်သက်တဲ့သင်တန်းကို တစ်ခါတစ်လေလောက်ပဲတက်ရတယ်။ ကျွန်မတို့ လို ကျောင်းဆရာ၊ ဆရာမအများစုကလည်းပဲ စာသင်ကြားမှုအပိုင်းမှာပဲ ပိုပြီးအချိန်ပေးနေရတော့ ဂျန်ဒါကိစ္စတို့  သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတို့ လိုဟာမျိုးကိုကျတော့ ကဃနဏအချိန်ပေးပြီး မလေ့လာခဲ့မိဘူး။ ဒီသင်တန်း ၃ရက်အတွင်းမှာတော့ ဒါတွေအားလုံးကိုလေ့လာမှတ်သားခွင့်ရလိုက်တယ်ပေါ့နော်။”

ဆရာမ မူ့လွမ်းပိုကဆက်ပြီး “အရင်ကဆိုရင် ဂျန်ဒါဟာ ကျား၊မ ကိုဖော်ညွှန်းထားတာပဲလို့ သိထားတာ။ ဂျန်ဒါဆိုတာ ကျား၊မ နှစ်ခုထဲကိုသာ ဖေါ်ညွှန်းတာမဟုတ်ပဲ ဒီ့ထက်ကျယ်ပြန့် တဲ့ အဓိပ္ပါယ်ရှိတယ်ဆိုတာ သိလိုက်ရတယ်။ နောက်တစ်ခုက ကျွန်မတို့ လို ဋ္ဌာနေတိုင်းရင်းသားကျောင်းဆရာ၊ ဆရာမတွေဟာ နေ့ စဉ်နဲ့ အမျှ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ နေရတဲ့အခါကျတော့ ပြုစုထိန်းသိမ်းတဲ့အပိုင်းမှာရော သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးလာအောင် ပညာပေးရမယ့်အပိုင်းတွေမှာပါ အများကြီးလုပ်လို့ ရတယ်။”

ရက်တိုသင်တန်းတွင် သင်တန်းဆရာ၊ ဆရာမစုစုပေါင်း ၅ ဦးမှ သီးခြားခေါင်းစဉ်အလိုက်တာဝန်ခွဲ ပို့ ချသင်ကြားပြီး ဒေသအသီးသီးမှတက်ရောက်လာသည့် ဋ္ဌာနေတိုင်းရင်းသားများဖြစ်သည့် ရခိုင်၊ ပအို့ ဝ်၊ ကရင်၊ အရှိုချင်း၊ ကယော၊ ဗမာ နှင့် ကယန်း စသည့် သင်တန်းသူ၊ သင်တန်းသား ၄၀ကျော်တက်ရောက်ခဲ့သည်ဟုသိရသည်။

“သင်တန်းရက်က တိုတောင်းပြီး ပို့ ချတဲ့အကြောင်းအရာတွေက ကျယ်ပြန့် တဲ့အခါကျတော့ အကြောင်းအရာတစ်ခုကို ကျေကျေလည်လည်ဆွေးနွေးချိန်အလုံအလောက်မရခဲ့ဘူးပေါ့နော်။ အထူးသဖြင့် ရက်ဒ်အပေါင်းနဲ့ ဆက်စပ်လုပ်ငန်းတွေဆိုရင် ကျွန်မတို့ တောင်မပြောနဲ့  အစိုးရတာဝန်ရှိတွေတောင် အထက်ခေါင်းဆောင်အနည်းငယ်လောက်သာသိကြတာ။ နောင်ဆိုရင် ဒီလိုအဖိုးတန်လှတဲ့အကြောင်းအရာတွေကိုပို့ ချမယ်ဆိုရင် သင်တန်းရက်တိုးပေးနိုင်ရင်တော့ သိပ်အဆင်ပြေမှာပဲပေါ့နော်” ဟု ဆရာမ မူ့လွမ်းပိုက အကြံပြုသွားပါသည်။

ရက်ဒ်အပေါင်းအစီအစဉ်ကို ပွိုင့်(ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့ မှ ၂၀၁၃ခုနှစ်တွင် အစပြုပျိုးထောင်ကာဋ္ဌာနေတိုင်းရင်းသားများအခွင့်အရေး၊ ဋ္ဌာနေတိုင်းရင်းသားများမြေယာပိုင်ဆိုင်ခွင့်အခွင့်အရေး၊ ရာသီဥတုပြောင်းလဲမှုကိုတုံ့ ပြန်ခြင်းနှင့် ဋ္ဌာနေတိုင်းရင်းသူအမျိုးသမီးခေါင်းဆောင်များပါဝင်လာရန် အသိမြင်ဖွင့်ခြင်း စသည့်အကြောင်းအရာများကိုအကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသည်။ ယခုအကြိမ်ပြုလုပ်သည့်သင်တန်းသည် အခါအခွင့်ကြုံလာလျှင် ပွိုင့်အဖွဲ့ အစည်းမှဆက်လက်ပြုလုပ်သွားမည်ဟုလည်းသင်တန်းမှပြန်လာသည့် RISEအဖွဲ့ အစည်းကိုယ်စားပြုဆရာမ ၂ဦးထံမှသိရှိရသည်။

Leave a Reply