TEESအဖွဲ့ အစည်းမှထောက်ပံ့သည့်Teacher Established Education Serviceseနယ်ကျောင်းဆရာ၊ ဆရာမများကမကထပြုတည်ထောင်သည့်ပညာရေးအစီအစဉ်ဖြင့် နယ်စွန်နယ်ဖျားတိုင်းရင်းသားဒေသတွင်ရှိသည့် TEES ကျောင်းများတွင် စာသင်ကြားနေသည့်ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းသုံးပရိဘောဂများကို ယခင်လနှင့် ယခုလအတွင်းဖြန့် ဝေပေးလျှက်ရှိနေပါသည်။
အဆိုပါကျောင်းသုံးပရိဘောဂများဖြန့် ဝေရာတွင် ချင်း၊ နာဂ၊ တအာန်း၊ လားဟူ၊ ရှမ်းနှင့်ကရင်ဒေသမှ TEES ကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်၊ Marker Pen, Marker Ink, ပေတံ၊ ခဲချွန်၊ ခဲဖျက်၊ Ball Pen, Register Book နှင့် A4စာရွက်ဖြူများကို ကျောင်းသူ၊ကျောင်းသားများနှင့် ကျောင်းဆရာ၊ ဆရာမများအတွက်ဖြန့် ဝေပေးခြင်းဖြစ်သည်။
ထိုသို့ ဖြန့် ဝေရာတွင် မိုးရာသီဖြစ်သည်နှင့်အညီ လမ်းခရီးအခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့ နေရကြောင်း နာဂနယ်လှည့်ကျောင်းဆရာ၊ ဆရာမများ၏ဆက်သွယ်ရေးတာဝန်ခံ ဆရာ လန်းနန်း ကပြောသည်။ ၄င်းက “အဓိကကတော့ နယ်စွန်နယ်ဖျားကကျောင်းများကို ကျောင်းသုံးပရိဘောဂတွေဖြန့် ဝေပေးနေရတဲ့အခါကျတော့ လမ်းခရီးအခက်အခဲများနဲ့ ကြုံတွေ့ ရတာပေါ့နော်။ ဒီနှစ်ကလည်း ခါတိုင်းနှစ်တွေထက်မိုးများတာကြောင့် မြေပြိုပြီးလမ်းခရီးပျက်တာတို့ နဲ့  ကြုံတွေ့ ရတာတယ်။ လုံးဝသွားလာလို့ မရတဲ့အခြေအနေတော့မဟုတ်ဘူးပေါ့လေ။”
ယင်းအခက်အခဲများအားကျော်ဖြတ်ကာ ဝေးလံခေါင်းဖျားသည့်ဒေသမှ ကျောင်းသူ၊ ကျောင်းသားကလေးများအားတတ်နိုင်သည့်ဘက်က ပံ့ပိုးပေးနေသည့်အတွက်နှစ်ထောင်းအားရ ကြည်နူးနေပါကြောင်းလည်း ဆရာလန်းနန်းကဆက်၍ရင်ဖွင့်စကားပြောလာသည်။
“ကိုယ့်မြေကိုယ့်ဒေသလို့ ပြောတဲ့နေရာမှာ အထူးသဖြင့် ဝေးလံခေါင်းဖျားမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားများ မိခင်ဘာသားစကားကိုအခြေပြုပြီး မိမိလူမျိုးရဲ့စာပေ၊ ဘာသာစကားကို အဓိကဦးစားပေးသင်ကြားခွင့်ရတာတွေ့ တော့ အားရကျေနပ်မိတယ်။ အဓိကအချက်တစ်ခုက ကျောင်းနေစအရွယ်ကစပြီးမူလတန်းပညာပြီးဆုံးသည်အထိ မိခင်ဘာသာစကားနဲ့ သင်ယူတဲ့နေရာမှာ မိခင်ဘာသာစကားကိုဦးစားပေးပြီးသင်ယူရင် ပိုပြီးထိရောက်မှုရှိတယ်ဆိုတာကိုလည်း နိုင်ငံတကာကအသိအမှတ်ပြုလက်ခံထားတဲ့အချက်တစ်ခုပေါ့လေ။”ဟု ဆရာလန်းနန်းကပြောသည်။
RISEအဖွဲ့ အစည်းမှ အစပြုကာ နယ်ကျောင်းဆရာ၊ ဆရာမများကမကထပြုတည်ထောင်သည့်ပညာရေTEESအစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင်စတင်အကောင်အထည်ဖေါ်လျှက် ယခုနှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်TEES ကျောင်းပေါင်း(၁၅၃)ကျောင်း၊ ကျောင်းဆရာ၊ ဆရာမပေါင်း(၂၁၇)ဦးနှင့် ကျောင်းသူ၊ ကျောင်းသားပေါင်း(၁၁၅၉၆)ဦးကိုထောက်ပံ့ပေးကြောင်းနှင့် မူလတန်းအောက်ဆင့်ကျောင်းသူကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ်(၁၂)အုပ်၊ ခဲတံ(၆)ချောင်း၊ ခဲဖျက်(၂)တုံး၊ ခဲချွန်(၁)ခုနှင့်ပေတံ(၁)ချောင်းရရှိသည်။ မူလတန်းကျောင်းသူ၊ ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ်(၁၂)အုပ်၊ ခဲတံ(၃)ချောင်း၊ ဘောပင်(၅)ချောင်း၊ ခဲဖျက်(၁)တုံး၊ ခဲတံ(၁)ချောင်းနှင့် ပေတံ(၁)ချောင်း ရရှိပါသည်။ အလယ်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် (၁၅)အုပ်၊ ဘောပင်(၁၀)ချောင်းနှင့် ပေတံ(၁)ချောင်း ရရှိပါသည်။ အထက်တန်းကျောင်းသူ၊သားတစ်ဦးလျှင် ဗလာစာအုပ် (၁၈)အုပ်၊ ဘောပင်(၁၀)ချောင်းနှင့် ပေတံ(၁)ချောင်းရရှိပါသည်။ ကျောင်းဆရာ၊ ဆရာမတဦးလျှင် ဗလာစာအုပ်(၁၈)အုပ်၊ ဘောပင်(၁၀)ချောင်း၊ မှင်(၁)ဗူး၊ ပေတံ(၁)ချောင်း၊ မြေဖြူခဲ(၄)ထုပ်၊ နေ့ စဉ်မှတ်တမ်းစာအုပ်(၁)အုပ်နှင့်ဗ၄စာရွက်(၂)ထုပ် ရရှိပါသည်။