မြန်မာနိုင်ငံရှိဋ္ဌာနေတိုင်းရင်းသားနှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး

မြန်မာနိုင်ငံဋ္ဌာနေတိုင်းသားများကွန်ယက်မှကြီးမှူးကျင်းပသည့် ၅ကြိမ်မြောက်ကမ္ဘာ့ဋ္ဌာနေတိုင်းရင်းသားများနှီးနှောဖလှယ်ပွဲကို ဩဂုတ်လ ၇နေ့ မှ ၈ရက်နေ့ တွင်ကျင်းပကာ ဩဂုတ်လ ၉ရက်နေ့ တွင်ကျရောက်သည့် ကမ္ဘာ့ဋ္ဌာနေတိုင်းရင်းသားများနေ့ အား မြန်မာနိုင်ငံအတွက် ၄ကြိမ်မြောက်ကို ရန်ကုန်မြို့ ၊ အလုံမြို့ နယ်၊ ကရင်ခြံ ဖရန့် ခန်းမတွင် ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှဋ္ဌာနေတိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကယား၊ ကယန်း၊ ကယော၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကူကီး၊ နာဂ၊ လားဟူ၊ ဇိုမီး၊ ဓနု၊ တအာန်းနှင့်တောင်ရိုး တိုင်းရင်းသားကိုယ်စားလှယ်စုစုပေါင်း ၂၅၀ကျော်တက်ရောက်ခဲ့ပါသည်။
“ဒီနှစ်နှီးနှောဖလှယ်ပွဲက လွန်ခဲ့တဲ့နှစ်များလိုကျင်းပနေကျပုံစံအတိုင်းမဟုတ်တော့ဘူး။ ဒီနှစ်မှာတော့ ဋ္ဌာနေတိုင်းရင်းသားပညာရှင်များကိုဖိတ်ခေါ်ပြီး သူတို့ ရဲ့ဒေသမှာလက်တွေ့ ပြုလုပ်နေကြတဲ့လုပ်ငန်းအကြောင်းကို ဒီမှာရောက်လာကြတဲ့ ဋ္ဌာနေတိုင်းရင်းသားများကို မျှဝေပြီး ရောက်လာကြတဲ့ ကွန်ယက်အဖွဲ့ အဟောင်းကော အဖွဲ့ ဝင်အသစ်ကိုပါ တခြားဒေသမှာဘာတွေလုပ်နေကြသလဲ၊ လက်တွေ့ လုပ်ငန်းတွေကဘာတွေများလဲ။ ဒါကို နည်းလမ်းအသွယ်သွယ်အဖြေကိုရှာယူပြီး အခုလက်ရှိဋ္ဌာနေတိုင်းရင်းသားတွေကြုံတွေ့ နေရတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုအဖြေရှာဖြေရှင်းကြမလဲဆိုတဲ့ရည်ရွယ်ချက်နဲ့  ပုံစံလေးပြောင်းထားတာပါ။” ဟု ကွန်ယက်ချိတ်ဆက်တာဝန်ခံ နော်ဂျဲနက်ကြီးကပြောသည်။
နှစ်ရက်တာကျင်းပသည့် ဋ္ဌာနေတိုင်းရင်းသားနှီးနှောဖလှယ်ပွဲတွင် ကဏ္ဍအသီးသီးမှဋ္ဌနေတိုင်းရင်းသားပညာရှင်များမှ လွတ်လပ်သောကြိုတင်အသိပေးတိုင်ပင်မှုနှင့် လူထုသဘောထားရယူခြင်း၊ သဘာဝသယံဇာတထုတ်ယူသုံးစွဲမှုနှင့် ဋ္ဌာနေတိုင်းရင်းသားများ၏အခန်းကဏ္ဍ၊ ဋ္ဌာနေတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကြောင်းပြုမှုပုံစံနှင့် စီးပွားရေးဖွံ့ ဖြိုးမှုဆိုင်ရာအခွင့်အလမ်းများ၊ ရေရှည်တည်တံ့ခိုင်မြဲသော သစ်တောစီမံအုပ်ချုပ်မှုနှင့် ဋ္ဌာနေတိုင်းရင်းသားများ၏စိန်ခေါ်မှု၊ တိုင်းရင်းသားရိုးရာဓလေ့ဖြင့်မြေယာအသုံးပြုမှု၊ တိုင်းရင်းသူအမျိုးသမီးများ၏ဘဝလုံခြုံမှုနှင့် စွမ်းရည်မြှင့်တင်ရေးနှင့် ဋ္ဌာနေတိုင်းရင်းသားများ၏စာပေယဉ်ကျေးမှုအခန်းကဏ္ဍများအား လာရောက်ရှင်းလင်းပြောပြကြပါသည်။
ဋ္ဌာနေတိုင်းရင်းသားများနှင့်မိခင်သုံးဘာသာစကားနျှင့်ဘာသာစကားမျိုးစုံသင်ကြားမှု၏အားသာချက်နှင့်အလေ့အကျင့်ကောင်းများအားမျှဝေရှင်းလင်းပေးရန်ဖိတ်ကြားခြင်းခံရသူ ဋ္ဌာနေတိုင်းရင်းသားများရေရှည်တည်တံ့ပညာရေး RISEအဖွဲ့ အစည်းမှ အစီအစဉ်ညွှန်ကြားရေးမှူး အိအိဖြူက”ကျွန်မအနေနဲ့ အခုလို ၄ကြိမ်မြောက်ဋ္ဌာနေတိုင်းရင်းသားများနေ့ နဲ့  ၅ကြိမ်မြောက်ဋ္ဌာနေတိုင်းရင်းသားများနှီးနှောဖလှယ်ပွဲမှာ ဖိတ်ကြားခြင်းခံရတာကို အင်မတန်မှဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဋ္ဌာနေတိုင်းရင်းသားများနေ့ ဆိုတာ လူတွေမသိသေးသလောက်ပါပဲ။ ဒီလိုပွဲမျိုးကျင်းပလာတဲ့အခါကျတော့ ဋ္ဌာနေတိုင်းရင်းသားအချင်းအချင်းအကြားအပြန်အလှန်နားလည်လေးစားမှုတွေရှိလာတယ်။ ဒီပွဲဟာဖြင့် မြန်မာနိုင်ငံအဖို့  မတူကွဲပြားမှုတွေ၊ စုံလင်ပေါများတဲ့ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို ပြယုဂ်တစ်ခုလိုသက်သေပြလိုက်ပဲ။ ဒါကို နှစ်စဉ်နှစ်တိုင်းကျင်းပပေးသွားစေချင်ပါတယ်။”
၁၉၉၄ခုနှစ်တွင်ကျင်းပသည့်ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် နှစ်စဉ်ဩဂုတ်လ ၉ရက်နေ့ အား အပြည်ပြည်ဆိုင်ရာဋ္ဌာနေတိုင်းရင်းသားများနေ့ အဖြစ်တရားဝင်ပြဋ္ဌာန်းထားသည်။ ထို့ အပြင် ၂၀ဝ၇ခုနှစ် စက်တင်ဘာ ၁၃နေ့ တွင် ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေညီလာခံမှ ဋ္ဌာနေတိုင်းရင်းသားများအခွင့်အရေးကြေငြာစာတမ်းအားအတည်ပြုလက်ခံခဲ့သည်။
မြန်မာနိုင်ငံအတွင်း ပဋ္ဌမဦးဆုံးနိုင်ငံတကာဋ္ဌာနေတိုင်းရင်းသားများနေ့ အား ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံဋ္ဌာနေတိုင်းရင်းသားများကွန်ယက်အဖွဲ့ မှ ကမကဋ္ဌပြုကာ စတင်ကျင်းပလာခဲ့သည်။ ပွဲစီစဉ်သူများ၏အဆိုအရ ယခုလိုပွဲပြုလုပ်ခြင်းအားဖြင့် ရှေးပဝေသဏီကတည်းတွင်နေထိုင်သည့် အနယ်နယ်အရပ်ရပ်မှ ဋ္ဌာနေတိုင်းရင်းသားများအတွက် ၄င်းတို့ ၏ စိန်ခေါ်မှုများအားမျှဝေဖေါ်ပြပြောဆိုရန်ဆုံရပ်တစ်ခုဖြစ်လာသည်ဟုသိရသည်။

Leave a Reply