တိုင်းရင်းသားဒေသများမှာ ဆရာ ဆရာမများသည် နည်းပါးသည့် သင်ထောက်ကူ ပစ္စည်းများနှင့် ရုန်းကန်ကြိုးစားကြရပြီး သင်ထောက်ကူပစ္စည်းများရရှိရေးအတွက်လည်း အခက်အခဲများကြုံတွေ့ကြရပါသည်။ ဆရာ ဆရာမများနှင့် ကျောင်းများသည် မြန်မာနိုင်ငံရှိ ပဋိပက္ခများကြောင့် ခံစားနေကြသည့် လူမှုပတ်ဝန်းကျင်နှင့် ဝေးလံခေါင်သီသည့် အရပ်ဒေသများတွင် ပညာရေးကဏ္ဍ အတွက် မရှိမဖြစ် အရေးပါလှပါသည်။
ဥရောပသမဂ္ဂမှ ကမကထပြုသည့် “CASE+” (ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများတွင် ပညာရေးအတွက် ပံ့ပိုးကူညီမှု +) စီမံကိန်းတွင် “ကျေးလက်ဒေသတွင် တာရှည်တည်တံ့သည့် ပညာရေး (RISE)” ကွန်ရက်မှ နေ၍ ပညာရေးအတွက် ကူညီမှုပေးနေသည့် စီမံချက်တစ်ခု ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကျောင်းပေါင်း ၃၂၅၀ ကျောင်းတွင် ဆရာ ဆရာမပေါင်း ၁၈၆၀၀ ယောာက်နှင့် ကျောင်းသား ကျောင်းသူပေါင်း ၂၈၀၀၀၀ ယောက်တို့ကို ပံ့ပိုးကူညီပေးခဲ့ပြီး ဖြစ်ပါသည်။ RISE ဒေသများတွင် ကလေးသူငယ်ပေါင်း ၅၈၀၀၀၀ ယောက်တို့သည် ကျောင်းတက်ရောက်နိုင်ခြင်းမရှိဟု ခန့်မှန်းရပါသည်။
ဥရောပသမဂ္ဂသည် ဤကျောင်းများနှင့် ဆရာ ဆရာမများအတွက် ဆရာဖြစ်လေ့ကျင့်ရေး အစီအစဉ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်းဖြင့် ပံ့ပိုးကူညီပေးလျက်ရှိပြီး အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းရပ်များနှင့် တိုင်းရင်းသားဒေသများမှ ကလေးငယ်များအတွက် အကျိုးဖြစ်ထွန်းစေရန် နှင့် ကျောင်းပြင်ပရောက်နေသည့် ကလေးသူငယ်များအတွက်လည်း ပညာရေးဝန်ဆောင်မှု လုပ်ငန်းရပ်များကို ထပ်မံ ပေးအပ်နိုင်ရန် ကူညီပေးလျက်ရှိပါသည်။
ယခုရက်သတ္တပတ်တွင် ပညာရေးကျွမ်းကျင်သူများနှင့် တိုင်းရင်းသားဒေသများတွင် ပညာရေးကဏ္ဍအတွင် လုပ်ဆောင်နေသူများမှနေ၍ တိုင်းရင်းသားကလေးငယ်များနှင့် ဆရာ ဆရာမအတွက် လိုအပ်ချက်များကို ကျွန်ုပ်တို့၏ နောင်တွင် ပေးအပ်သွားမည့် အကူအညီများနှင့် ဖြည့်ဆည်းပေးနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ကလေးသူငယ်များ ကျောင်းပြန်လည်တက်ရောက်နိုင်ရေးနှင့် လူတိုင်း အရည်အသွေးပြည့်မီ၍ ပိုမိုကောင်းမွန်သည့် ပညာရေး။
သတင်းရင်းမြစ်-ADRA မြန်မာ