တိုင်းရင်းသားဒေသ၌နွေရာသီကျောင်းဆရာ၊ ဆရာမသင်တန်းစတင်ပို့ ချ

ယခုနှစ်မတ်လမှစ၍တိုင်းရင်းသားဒေသများအသီးသီး၌နွေရာသီကျောင်းဆရာ၊ ဆရာမစွမ်းရည်မြှင့်သင်တန်းအား ရိုက်၏မိတ်ဖက်အဖွဲ့ အစည်းများဖြစ်ကြသည့် ကချင်၊ ကယန်း၊ ကရင်၊ ချင်း၊ ဇိုမီး၊ နာဂ၊ လားဟူ၊ ပအိုဝ်း၊ တအာင်းနှင့်ရှမ်းဒေသများတွင် ပြုလုပ်နေကြသည်။

ယခုနှစ်တိုင်းရင်းသားဒေသအသီးသီးအတွင်းပို့ ချသည့်ဘာသာရပ်များမှာမူ မိတ်ဖက်အဖွဲ့ အစည်းတစ်ဖွဲ့ ချင်းစီ၏ရွေးချယ်မှုအပေါ်တွင်မူတည်၍ သင်တန်းခေါင်းစဉ်များပို့ ချကာအခြေအနေအရခေါင်းစဉ်ပြင်ဆင်ပြောင်းလဲသွားတာတစ်ချို့ လည်းရှိကြောင်းသိရသည်။

နွေရာသီသင်တန်းအားသွားရောက်ကူညီခဲ့သည့်ရိုက်စ်သင်တန်းဆရာစောသွီက “အဓိကခေါင်းစဉ်တွေပြောင်းထားရတဲ့အကြောင်းကတော့ အစိုးရဘက်ကဆရာမတွေလည်းလာပြီးကူညီသင်တန်းပို့ ချနေတော့ အချိန်အကန့် အသတ်အရ တစ်ချို့ ခေါင်းစဉ်တွေပြောင်းဖြစ်သွားတာလေးရှိတယ်။ ဒါပေမယ့်လည်း အစိုးရကလာသင်ပေးတဲ့ခေါင်းစဉ်အကြောင်းအရာတွေကလည်း အခေါ်အဝေါ်သာကွဲတာပါ သင်သွားတဲ့အကြောင်းအရာကတော့အတူတူပါပဲ။ ဥပမာ သူတို့ ပို့ ချတဲ့ KGသင်နည်းဆိုရင် မိတ်ဖက်အဖွဲ့ အစည်းရဲ့စီစဉ်ထားတဲ့သင်ကြားမှုခေါင်းစဉ်သဘောတရားအပေါ်အခြေခံပြီးလာကူသင်ပေးသွားတယ်။” ဟုသူကပြောသည်။

သင်တန်းအတွင်း၌အဓိကပို့ ချပေးသည့်ဘာသာရပ်များမှာမူ သင်တန်းခေါင်းစဉ်များဖြစ်သည့် သင်ကြားနည်းများ၊ သင်ယူမှုပုံစံများနှင့်ဥာဏ်ရည်အထွေထွေ၊ ကလေးစိတ်ပညာနှင့်ကလေးသူငယ်ဖွံ့ ဖြိုးမှု၊ သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း၊ သင်ထောက်ကူများဖန်တီးပြုလုပ်ခြင်း၊ မေးခွန်းမေးခြင်းအတတ်ပညာ၊ သင်ယူမှုအားစစ်ဆေးအကဲဖြတ်ခြင်း၊ သင်ကြားမှုစက်ဝန်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဖွံ့ ဖြိုးမှု၊ မိခင်ဘာသာစာပေနှင့်ယဉ်ကျေးမှု၊ သူငယ်တန်းသင်ကြားနည်းများ၊ ကျောင်းကော်မတီနှင့်မိဘဆရာအသင်း၊ ဆက်သွယ်မှုအတတ်ပညာ၊ နည်းပြခြင်းအတတ်ပညာ၊ ကလေးအခွင့်အရေး၊ အချိန်စီမံခန့် ခွဲခြင်း၊ ခေါင်းဆောင်မှုအတတ်ပညာနှင့်လူ့ အခွင့်အရေးစသည့်ခေါင်းစဉ်များအားသင်ကြားပို့ ချသွားပါသည်။

နွေရာသီကျောင်းဆရာ၊ ဆရာမစွမ်းရည်မြှင့်သင်တန်း၊ ဘန်းမတ်ရွာ၊ ပအိုဝ်းဒေသ

ပအိုဝ်းဒေသမှနွေရာသီသင်တန်းပို့ ချပေးနေသည့်ဆရာမနန်းချောက “ကျွန်မနွေရာသီသင်တန်းပေးတာ ဒါပဋ္ဌမဆုံးအကြိမ်ပေါ့နော်။ အစပဋ္ဌမတော့ စိတ်လှုပ်ရှိမိတာပေါ့နော်။ ကိုယ့်ကိုကိုယ်လည်းပြန်အားပေးရင်းနဲ့ နောက်တော့လည်းအဆင်ပြေသွားတာပဲ။ သင်တန်းထဲမှာလည်းအကြံပြုပုံးလေးထားပေးတယ်။ အဲဒီမှာကိုယ်သင်တဲ့ရက်ဆိုရင် သင်တန်းသား၊ သူတွေကသူတို့ နာမည်ထည့်ရေးစရာမလိုပဲအကြံပြုပေးရတယ်။ အဲဒီလိုအကြံပြုစာတွေဖတ်ရတော့ ကိုယ်ဘယ်နေရာမှာအာသာချက်ရှိပြီးဘယ်နေရာမှာအားနည်းချက်ရှိတယ်ဆိုတာသိရတာပေါ့လေ” ဟုပြောသည်။

၎င်းကဆက်လက်ပြီး “ကိုယ်ဆွဲထားတဲ့သင်ခန်းစာအစီအစဉ်မှာ အားနည်းမှုရှိနေသေးတာကိုတော့ကြုံတွေ့ ရတယ်။ အဓိကကတော့ သင်ခန်းစာအစီအစဉ်ရေးဆွဲအချိန်မှာ သင်ကြားမှုအချိန်သတ်မှတ်ထားတာနည်းတဲ့အခါကျတော့ သင်လိုက်တဲ့အခါ အချိန်ကိုအများကြီးဆွဲထားရတယ်။ နောက်ပိုင်းကျရင် ဒီ့ထက်ပိုပြည့်စုံအောင်ဘယ်လိုဆွဲရင်အဆင်ပြေမလဲဆိုတာကြိုပြီးစီစဉ်ထားရမှာပေါ့လေ။”

ယခုနှစ်နွေရာသီသင်တန်းးကာလသည် မတ်လနှင့်ဧပြီနှစ်လတာအချိန်သတ်မှတ်ပြီး စုစုပေါင်းသင်တန်းသူသင်တန်းသားဦးရေ ၁၀၀၀သတ်မှတ်ထားသော်လည်း အခြေအနေအရလူဦးရေထပ်များလာကြောင်းလည်းသိရသည်။

Leave a Reply