ရေကြီးရေလျှံမှုကြောင့်နမ့်လန်းမြို့ နှင့်အနီးပတ်ဝန်းကျင်ပြည်သူများ ရေဘေးအတိဒုက္ခရောက်နေ

မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လန်းမြို့ နှင့်အနီးတစ်ဝိုက်တွင်ရေကြီးရေလျှံဖြစ်ကာ မြို့ နှင့်အနီးပတ်ဝန်းကျင်အတွင်းနေထိုင်သူ ၁၄၅၇၆ဦး ရေဘေးအတိဒုက္ခရောက်နေရကြောင်း ယနေ့ နံနက်မြို့ ခံပြည်သူများ၏ပြောပြချက်အရသိရသည်။ မြို့ အာဏာပိုင်များမှလည်း ရေဘေးသင့်အိမ်ထောင်စု ၁၂၈၃စုအား ဘေးကင်းလုံခြုံရာသို့ နေရာချပေးနေကြောင်းနှင့် အိမ်ခြေ ၂၀၅လုံးမှာလည်း ရေထဲမျောပါပျက်စီးသွားကြောင်း Centre for Rural Education and Development (CRED)မှဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ စိုင်းနော်ခမ်းကပြောသည်။

စိုင်းနော်ခမ်းက “ကျောင်းသူ၊ကျောင်းသား ၉၂ယောက်နေထိုင်တဲ့အဆောင်ထိရေကျော်လာလို့  ဘေးကင်းလုံခြုံတဲ့ကျွန်တော်တို့ ရဲ့ CREDရုံးမှာပဲ ယာယီရွှေ့ ထားရတယ်” ဟုပြောသည်။

၎င်း၏အဆိုအရ ရေဘေးသင့်ဒုက္ခရောက်သူများအတွက် အစားအစာ၊ အ၀တ်အစားနှင့်အခြေခံဆေးဝါးများအရေးတကြီးလိုအပ်ကြောင်းသိရသည်။

စိုင်းနော်ခမ်းမှဆက်ပြီး “ဒီနေ့ မနက်တော့ ရေနည်းနည်းပြန်ကျသွားတယ်။ သို့ သော်လည်းပဲ ရေဘေးအန္တရာယ်ကတော့ လောလောဆယ်စိတ်မချရသေးဘူး။ မိုးက ထပ်ရွာအုံးမယ်ဆိုရင်တော့ စိုးရိမ်စရာအခြေအနေမှာရှိတယ်။”

လွန်ခဲ့သည့်ရက်သတ္တ(၂)ပတ်မှစတင်ကာ မြန်မာနိုင်ငံအနှံ့ အပြားမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးတချို့ နှင့်အလားတူပင် ရှမ်းပြည်နယ်အတွင်းနေရာဒေသများ၌လည်း ရေကြီးမှုကြောင့် ချောက်ကမ်းပါးပြိုကျခြင်းနှင့် လမ်း၊တံတားများကျိုးကျပျက်စီးမှုများဖြစ်ပေါ်လျှက်ရှိသည်။ ယခုလိုမိုးအဆက်မပြတ်ရွာသွန်းကာရေကြီးရေလျှံမှုဖြစ်ပေါ်မှုကြောင့် သားသမီးများကျောင်းသွား၊ ကျောင်းပြန်အချိန်တွင်အန္တရာယ်ကြုံတွေ့ ကြမှာကို ဒေသတွင်းနေထိုင်သူကျောင်းသူ၊သားမိဘများစိုးရိမ်လျှက်ရှိသည်ဟုသိရသည်။

Leave a Reply