ဋ္ဌာနေတိုင်းရင်းသားပညာရေးအဖွဲ့ နှင့် ဋ္ဌာနေတိုင်းရင်းသားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အနာဂတ်လုပ်ငန်းအတွက်ရင်းနှီးမှုတည်ဆောက်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဋ္ဌာနေတိုင်းရင်းသားအရေးအဖွဲ့ POINT(ပွိုင့်)(၀ါ) နေကြာစေ့အဖွဲ့ ၏လုပ်ငန်းများပြန်လည်ဆန်းစစ်မှုအလုပ်ရုံဆွေးနွေးပွဲကာလအတွင်း ၎င်းတို့ ၏ဖိတ်ခေါ်မှုအရ ဝေးလံခေါင်းဖျားဋ္ဌာနေတိုင်းရင်းသားပညာရေးမြှင့်တင်ရေးအဖွဲ့ ( RISE) မှ သွားရောက်တွေ့ ဆုံခဲ့ပါသည်။

တွေ့ ဆုံဆွေးနွေးမှုအချိန်အတွင်း ပွိုင့်အဖွဲ့ အစည်းရှိတာဝန်ရှိသူများကို ( RISE)၏ပညာရေးလုပ်ငန်းများအား အသိပေးမျှဝေခဲ့သလို အပြန်အလှန်မေး၊ဖြေစကားဝိုင်းဖြင့် နှစ်ဖက်အဖွဲ့ အစည်း၏လုပ်ငန်းအကြောင်းကိုလည်းရင်းရင်းနှီးနှီးဖလှယ်ခဲ့ကြသည်။

ပွိုင့်၏ညွှန်ကြားရေးမှူးဖြစ်သည့် နော်အိအိမင်းက “ကျွန်မတို့ ပွိုင့်အဖွဲ့ ဟာဆိုရင် ပြင်ပမှာရှိတဲ့ဋ္ဌာနေတိုင်းရင်းသားအရေးလှုပ်ရှားသူတွေနဲ့ အချိတ်အဆက်အမြောက်အများရှိနေတယ်။ ဒါပေမယ့်လည်း ဒီမြန်မာနိုင်ငံထဲမှာ ကျွန်မတို့ လို ဋ္ဌာနေတိုင်းရင်းသားအရေးဆောင်ရွက်နေတဲ့အဖွဲ့ အစည်းရှိတယ်ဆိုတာ ခုမှသိလိုက်ရတယ်။ အဲဒီတော့ ကျွန်မတို့ အားလုံးဟာ ဋ္ဌာနေတိုင်းရင်းသားအရေးအတွက်လှုပ်ရှားဆောင်ရွက်နေကြတဲ့အဖွဲ့ တွေဖြစ်တာမို့  လာမယ့်အနာဂတ်မှာ ဘယ်နေရာ ဘယ်အခန်းကဏ္ဍမှာ ပံ့ပိုးပေးနိုင်ကြမလဲဆိုတာ ရင်းနှီးမှုတည်ဆောင်ချင်ပါတယ်။ “

ပွိုင့်အဖွဲ့ အစည်းသည် ဋ္ဌာနေတိုင်းရင်းသားများနှင့်စုပေါင်းထားသည့် အရပ်ဘက်အဖွဲ့ အစည်းတစ်ခုဖြစ်ကာ ဋ္ဌာနေတိုင်းရင်းသားများ၏သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း၊ သုတေသနလုပ်ငန်းများပြုလုပ်ခြင်းလုပ်ငန်း၊ နှိုးကြားအသိပေးလှုပ်ဆော်ရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို တစိုက်မတ်မတ်ပံ့ပိုးလုပ်ဆောင်နေသည့်အဖွဲ့ အစည်းဖြစ်သည်။ ပွိုင့်နှင့်အတူတကွကြိုးပမ်းလုပ်ဆောင်မှုဖြင့် ပဲခူးရိုးမဒေသ၊ ရှမ်းရိုးမဒေသနှင့် ချင်းပြည်နယ်ဒေသတွင် မြေသိမ်း၊ ယာသိမ်းကိစ္စအပါအ၀င် အခြားသဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သည့်ကိစ္စရပ်များကိုလည်း အာဏာပိုင်အဖွဲ့ အစည်းနှင့်အတူ ပြသာနာတစ်ချို့ ကိုပါဖြေရှင်းပေးနိုင်ခဲ့ကြောင်း ပွိုင့်၏ပြောပြချက်အရသိရသည်။

Leave a Reply