ပြီးခဲ့သည့်နိုဝင်္ဘာ၂၄-၂၅ရက်နေ့ တွင် ဇိုမီးဒေသ၊ တီးတိန်မြို့ နယ် ကျိန်တွတ်ပီးကျေးရွာတွင် လူထုအမြင်ဖွင့်ပညာပေးအစီအစဉ်အားအောင်မြင်စွာပြီးမြောက်သွားကြောင်းနှင့် ထိုပွဲသို့ လူဦးရေ(၈၀၀)ကျော်တက်ရောက်လာကာ လူဦးရေထက်ဝက်ခန့် မှာ ကလေးသူငယ်များအများဆုံးပါဝင်ကြောင်း ကိုတက်ရောက်ဆင်နွှဲခဲ့သည့် အဖွဲ့ မှဆရာမမူ့ လွမ်းပိုကပြောသည်။
ဆရာမမူ့ လွမ်းပိုက “ဒီလိုESE(Education Sensitization Event)လုပ်ပေးတာ ဒေသခံအတွက်အများကြီးအကျိုးရှိတယ်။ အဓိကရည်ရွယ်ချက်ကတော့ လူထုတွေကပညာရေးအသိအမြင်ရှိလာအောင်ပါပဲ။ သူတို့ ရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ရိုးရာအကအခုန်၊ စာပေဘာသာစကားကို အချင်းချင်းကြားမျှဝေဖလှယ်ကြတာကိုလည်းမြင်ရတယ်။ အစကတော့ လူဦးရေ ၅၀၀လောက်ပဲတက်ရောက်လာမယ်လို့ ခန့် မှန်းထားတာ တစ်ကယ့်ပွဲနေ့ ရောက်တော့ လူဦးရေ ၈၀၀ကျော်တက်ရောက်လာတာကိုတွေ့ ရတယ်။”
ဆက်လက်ပြီးဆရာမမူ့ လွမ်းပိုက “ကျွန်မRISEအဖွဲ့ ရဲ့ကိုယ်စား ဒီပွဲတက်ရောက်ခွင့်ရတာကို အများကြီးပဲနှစ်ထောင်းအားရကျေနပ်မိပါတယ်။ တစ်ခုပဲရှိတာက ဘာသာစကားအခက်အခဲလေးတစ်ခုပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကျွန်မတတ်နိုင်တဲ့ဘက်ကကူညီပံ့ပိုးပေးရတာကိုပဲပီတိဖြစ်မိပါတယ်။”
လာမည့်ဒီဇင်္ဘာ ၈-၉ရက်နေ့ တွင် တွန်းဇံမြို့ နယ်၊ အိုးဒါလ်ခိုင်းကျေးရွာတွင် လူထုအမြင်ဖွင့်ပညာပေးအစီအစဉ်ကို ဒုတိယအကြိမ်ပြုလုပ်ဖို့ ရန်ပြင်ဆင်ထားသည်ဟု ZDF(Zomi Development Foundation)ထံမှသိရသည်။
RISEမှကြီးမှူးဦးဆောင်သည့်လူထုအမြင်ဖွင့်ပညာပေးအစီအစဉ်ကို ၂၀၁၇ခုနှစ် အောက်တိုဘာလမှစတင်ကာ တိုင်းရင်းသားဒေသများဖြစ်သည့် ကချင်၊ ကယန်း၊ ကရင်၊ ချင်း၊ ဇိုမီး၊ ရှမ်း၊ တအာန်းနှင့်နာဂဒေသများတွင် နှစ်စဉ်ကျင်းပလာကာ လာမည့်နှစ်များမှာလည်းကျင်းပသွားရန်ရှိကြောင်းသိရသည်။