(နိုက်ဂျီးရီးယားဋ္ဌာနေတိုင်းရင်းသားဘာသာစကားအကြောင်းလေ့လာစာတမ်းပြုချက်- အန်တိုနီ အယိုဒီလီ အိုလာအိုယီ)
A Case Study of Nigerian Linguistic Situation
Anthony Ayodele Olaoye -Department of Linguistics, University of Abuja
အကျဉ်းကောက်နှုတ်ချက်
ဋ္ဌာနေတိုင်းရင်းသားဘာသာစကားများသည် လူသားမျိုးနွယ်စုတိုင်းအတွက် မရှိမဖြစ်သည့်အရာတစ်ခုဖြစ်သလို ဆက်လက်ထိန်းသိမ်းရမည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ လူမျိုးတစ်မျိုး၏ဖွံ့ ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွင်းတွင်နေထိုင်သည့်နိုင်ငံသားတစ်ဦးချင်းစီ၌ဖြစ်တည်လာသည်။ နိုင်ငံသားတစ်ဦးချင်းစီမှတစ်ဆင့် ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီပွားရေးနှင့် ယဉ်ကျေးမှုများကို အစိုးရအေဂျင်စီများအား လုပ်ထုံးလုပ်နည်းပေါ်လစီများပြဋ္ဌာန်းရာတွင်အမျိုးမျိုးကွဲပြားခြားနားသည့်ဋ္ဌာနေတိုင်းရင်းသားဘာသာစကားများမှတစ်ဆင့် အပြန်အလှန်အကျိုးပြုပေးနိုင်သည်။ ဤအဆိုတင်သွင်းချက်အပေါ်အခြေခံကာ စာတမ်းပြုစုသူအနေဖြင့် နိုက်ဂျီးရီးယားနိုင်ငံတွင် လက်ရှိသုံးနှုန်းပြောဆိုနေကြသည့်ဋ္ဌာနေတိုင်းရင်းသားဘာသာစကားများသည် ဒီမိုကရေစီအရေး၊ နည်းပညာပိုင်းနှင့် ကမ္ဘာလုံးဆိုင်ရာဘာသာစကားများအတွက် အဓိကကျသည့်အခန်းကဏ္ဍတွင်ပါဝင်နေပါသည်။ သို့ လင့်ကစား မိခင်ဘာသားစကားအားလက်တွေ့ အသုံြး့ပုပြောဆိုရာ၌ စိန်ခေါ်မှုများစွာရှိနေပါသည်။ အဓိကပြသာနာမှာ သတ်ပုံသတ်ညွှန်းမလုံလောက်ခြင်းနှင့် လူနည်းစုဘာသာစကားအမျိုးအမည်ပေါင်းများစွာရှိခြင်း၊ ထိုဋ္ဌာနေတိုင်းရင်းသားဘာသာစကားအားသုံးစွဲပြောဆိုမှုနည်းပါးလာခြင်းနှင့်ဖျက်ဆီးခံလိုက်ရခြင်း၊ ဋ္ဌာနေတိုင်းရင်းသားဘာသာစကားများပျောက်ကွယ်လုနီးပါးအခြေအနေများရင်ဆိုင်နေရခြင်းတို့ ကြောင့်ဖြစ်သည်။
မိတ်ဆက်
မိခင်ဘာသာစကားသည် လူ့ ယဉ်ကျေးမှုတစ်ခုမှတ်ကျောက်တင်ရာတွင် လူသားများဖြစ်တည်လာမှုကိုသိရှိနိုင်ရန် မရှိမဖြစ်လိုအပ်သလို ဝိုင်းဝန်းထိမ်းသိမ်းကြရန်အတွက်လည်းအရေးကြီးပါသည်။
ဘာသာစကားတစ်ခုသည် လူသားများ၏နှုတ်ဖျားနှင့်သော်လည်းကောင်း၊ အက္ခရာသင်္ကေတများနှင့်သော်လည်းကောင်း တစ်ဦးမှတစ်ဦးသို့  ဆက်သွယ်ပြောဆိုရာအတွက် အသုံးပြုကြသည်။ ဘာသာစကားတစ်ခုသည် ယဉ်တစ်စီးသဖွယ်လူမျိုးတစ်မျိုး၏ယဉ်ကျေးမှုအားပေါင်းကူးပို့ဆောင်ပေးသည်။ ဒါသည်လည်း လူမှုပတ်ဝန်းကျင်အတွက် မရှိမဖြစ်အရေးကြီးဆုံးအရာဖြစ်ကာ ထိုလူမျိုးတစ်မျိုး၏ဝိသေသလက္ခဏာဖြစ်သည့် ယဉ်ကျေးမှု၊ လုပ်ငန်းဆောင်တာများနှင့် စွန့် စားတီထွင်မှုများအတွက် တန်ဖိုးထားထိန်းသိမ်းရန်ဖြစ်လာတော့သည်။ ဘာသာစကားသည် အခြားသတ္တနှင့်မတူပဲတတ်သိလိမ္မာမှုအား ဘာသာစကားပြောဆိုသုံးစွဲခြင်းဖြင့်အကဲဖြတ်နိုင်သည်။ လူသားယဉ်ကျေးမှုတစ်ခု၏အထိရောက်ဆုံးယန္တယားသည် ထိုလူမျိုး၏မိခင်ဘာသာစကားဖြစ်သည်။ ဋ္ဌာနေတိုင်းရင်းသားဘာသားစကားများသည် ကျွန်ုပ်တို့ လူသားများအတွက် ယဉ်ကျေးမှုနှင့်ကိုယ်ပိုင်ဝိသေသလက္ခဏာ၏အဖိုးမဖြတ်နိုင်သည့်လူ့ ယဉ်ကျေးမှုတန်ဖိုးဖြစ်သကဲ့သို့  လူသားများ၏သမိုင်းအညွှန်းကိန်းနှင့်ထိုလူသားများမည်သူမည်ဝါဖြစ်ကြောင်းအညွှန်းကိန်းများကိုအဓိကဖေါ်ပြပေးသည်။
၂. အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေး
အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးအား စောင့်ကြည့်လေ့လာရာတွင် ထိုလူမျိုးများမှမည်ကဲ့သို့ ဘဝအဓိပ္ပါယ်ရှိစွာနေထိုင်သွားနိုင်ရန်အတွက် အဓိကအရင်းအမြစ်တစ်ခုဖြစ်သည်။ ဖွံ့ ဖြိုးတိုးတက်ရေးအားတိုင်းတာရာတွင် ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာများတိုးတက်ဖြစ်ထွန်းမှုနှင့်တိုင်းတာကြသည်။ ပညာရေး၏လုပ်ငန်းအဆင့်ဆင့်မှာတော့ မိခင်ဘာသာစကားသုံးစွဲပြောဆိုခြင်းဖြင့် မည်သည့်လုပ်ငန်းအစီအစဉ်များ၊ မည်သည့်ညွှန်ကြားချက်များနှင့် မည်ကဲ့သို့ အကဲဖြတ်မည် စသည်ဖြင့်မဏ္ဍိုင်ထားကြသည်။ လူတစ်ဦးချင်းစီ၏တိုးတက်မှုသည် ထိုလူ၏ပြင်းပြသောဆန္ဒဖြင့် နိုင်ငံ့အဆင့်သို့ ဖွံ့ ဖြိုးတိုးတက်မှုဖြစ်လာသည်။ နိုင်ငံသားတစ်ဦးချင်းစီမှတစ်ဆင့် ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီပွားရေးနှင့် ယဉ်ကျေးမှုများကို အစိုးရအေဂျင်စီများအား လုပ်ထုံးလုပ်နည်းပေါ်လစီများပြဋ္ဌာန်းရာတွင်အမျိုးမျိုးကွဲပြားခြားနားသည့်ဋ္ဌာနေတိုင်းရင်းသားဘာသာစကားများမှတစ်ဆင့် အပြန်အလှန်အကျိုးပြုပေးနိုင်သည်။ ယူနက်စကို၏အလုပ်အမှုဆောင်ဘုတ်အဖွဲ့ ဟေင်း(၁၉၉၈) မိစ် အဇီဇာ ဘယ်နာနီ အဆိုအရ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးသည် လူမှုနိုင်ငံရေးနေထိုင်မှုပုံစံမှအစပြု၍တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။
နိုက်ဂျီးရီးယားနိုင်ငံမှ လက်ရှိဋ္ဌာနေတိုင်းရင်းသားများ၏ဘာသာစကား
အခုအခါမှာတော့ နိုက်ဂျီးရီးယားနိုင်ငံမှ တန်ဖိုးထားမှု၊ စံနှုန်းသတ်မှတ်မှုနှင့် အဓိကအခန်းကဏ္ဍများမှာပါဝင်ပတ်သက်သည့် လက်ရှိဋ္ဌာနေတိုင်းရင်းသားများ၏ဘာသာစကားလေ့လာပါမည်။ နိုက်ဂျီးရီးယားနိုင်ငံဟာဖြင့် ဋ္ဌာနေတိုင်းရင်းသားဘာသာစကားပေါင်း ၄၀ဝခန့် ဖြင့် ဘာသာစကားစုံသုံးစွဲခြင်းနှင့် ယဉ်ကျေးမှုပေါင်းစုံဖြင့်ဖွဲ့ စည်းထားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုက်ဂျီးရီးယားနိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်မှုအတွက် ထိုဘာသာစကားများသည် အမျိုးမျိုးကွဲပြားခြားနားသကဲ့သို့  အဆင့်အတန်းမညီမျှမှုများလည်းရှိပါသည်။ စာပေအက္ဓရာဘာသာစကားအများစုမှာ တီထွင်အသုံးပြုခြင်းမရှိသလို အချို့ စာပေအက္ဓရာများသည် အသစ်မွန်းမံပြင်ဆင်ထားခြင်းမရှိပေ။ ထို့ ကြောင့် နိုက်ဂျီးရီးယားဋ္ဌာနေတိုင်းရင်းသားအများစုမှာ စာတတ်မြောက်မှုမရှိကြပါ။ နိုက်ဂျီးရီးယား၏ဘာသာစကားအမျိုးအစားပေါင်းများအားအောက်တွင်ဖေါ်ပြပါမည်။
၁။ ဋ္ဌာနေတိုင်းရင်းသားဘာသာစကားမဟုတ်သည့် နိုင်ငံခြား ဘာသာစကား ၃မျိုး
အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာနှင့် အာရေဗစ်ဘာသာ
ဤဘာသာစကား ၃မျိုးအားနိုက်ဂျီးရီးယားနိုင်ငံအတွင်းနှင့်နိုင်ငံတကာနှင့်ဆက်သွယ်ပြောဆိုရာတွင်အဓိကသုံးစွဲသည်။ ယင်းဘာသာစကား ၃မျိုးအား ကမ္ဘာ့ဘာသာစကားဟုသတ်မှတ်ထားကာ အင်္ဂလိပ်ဘာသာနှင့်ပြင်သစ်ဘာသာစကားနှစ်မျိုးမှာမူ ကိုလိုနီဘာသာစကားများဟုသတ်မှတ်ကြသည်။
၂။ အများဆုံးအသုံးပြုသည့်ဘာသာစကားကြီး ၄မျိုး
Hausa, Igbo, Yoruba နှင့် Pidginဘာသာစကား ၄မျိုးသည် နိုက်ဂျီးရီးယားတွင်အများဆုံးအသုံးပြုသည့်ဘာသာစကားများဖြစ်သည်။ ထိုအထဲမှာမှ ဘာသာစကား ၃မျိုးဖြစ်သည့် Hausa, Igboနှင့်Yoruba ဘာသာစကားများကို ဒေသတွင်းတွင် အများဆုံးပြောဆိုသုံးစွဲကြသည်။
၃။ နောက်ထပ်ဘာသာစကားကြီး ၉မျိုး
Edo, Effik, Ebira, Fulfulde, Idoma, Igala, Kanuri, Nupe နှင့် Tiv ဘာသာစကား ၉မျိုးဖြစ်သည်။ ဤဘာစကား ၉မျိုးကိုတော့ဖြင့် နိုက်ဂျီးရီးယားနိုင်ငံတွင် ဆက်သွယ်ရေးကွန်ယက်အတွက်အများဆုံးအသုံးပြုကြသည်။
၎။ အလယ်အလတ်ဘာသာစကား ၂၀မျိုး
ဤဘာသာစကား ၂၀မျိုးအား လူနည်းစုဘာသာစကားဟုလည်းခေါ်သည်။
၅။ ဘာသာစကားနောက်ထပ် ၃၅၀မျိုး
ဤနောက်ဆုံးဘာသာစကား အမျိုးပေါင်း ၃၅၀ကို လူနည်းစုဘာသာစကားဟုလည်းခေါ်ကြသည်။
နိုက်ဂျီးရီးယား၏ဘာသားစကားများသုံးစွဲမှုဖေါ်ပြပြီးသည့်နောက် ယခုတစ်ခါ အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးညွှန်းကိန်းအားထောက်ပြရာတွင် ဋ္ဌာနေတိုင်းရင်းသားဘာသာစကား(မိခင်ဘာသာစကား)၏အခန်းကဏ္ဍနှင့်မည်ကဲ့သို့ ဆက်စပ်နေသည်ကိုဖေါ်ပြပါမည်။
နိုက်ဂျီးရီးယားနိုင်ငံအနေဖြင့် မိခင်ဘာသာစကားသုံးပညာရေးသည် နိုင်ငံသားအချင်းချင်းညီညွတ်မှုရှိအောင် ကြိုးပမ်းရာတွင် အလွန်တစ်ရာမှအရေးပါလှကြောင်းရှုမြင်ထားသည်။ နိုက်ဂျီးရီးယားနိုင်ငံ၏အမျိုးသားပညာရေးပေါ်လစီတွင် မူလတန်းအဆင့်ကျောင်းသူ၊ ကျောင်းသားတိုင်းသည် ၄င်းတို့ ၏မိခင်ဘာသာစကားဖြင့် စတင်သင်ကြားစေပါသည်။ ဋ္ဌာနေတိုင်းသားဘာသာစကားသည် လူ့ အသိုက်အဝန်းတစ်ခုအားစည်းရုံးရာတွင် အဓိကအရေးပါသည့်တန်ဆာပလာဖြစ်သည်။ နိုင်ငံ့ဖွံ့ ဖြိုးတိုးတက်မှုအားပြုလုပ်ရာတွင် ထိုနိုင်ငံအတွင်းတွင်မှီတင်းနေထိုင်ကြသည့်လူမျိုး၏ဘာသာစကားနှင့်ယှဉ်တွဲပါလာသည့် တွေးခေါ်မှု၊ စဉ်စားဆင်ခြင်မှုနှင့်လိုအပ်ချက်များ ကိုချန်လှပ်ထား၍မရပေ။ ဘာသာစကားစုံပညာရေးသည် စာမတတ်မြောက်မှုနှုန်းကိုပါပယ်ဖျက်ရန်အတွက်အထောက်အကူပြုသလို နိုင်ငံရေးအသိပညာနှင့် လူမှုရေးအေးချမ်းတည်ငြိမ်မှုကိုပါအထောက်အကူပြုသည်။ ဋ္ဌာနေတိုင်းရင်းသားဘာသာစကားသုံးစွဲပြောဆိုခြင်းဖြင့် အစိုးရ၏လုပ်ငန်းအစီအစဉ်များနှင့် ပေါ်လစီချမှတ်ရာတွင် အောက်ခြေအဆင့်ထိ ရောက်ပေါက်မြောက်စေပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးကြိုးပမ်းရာတွင် ထိုလူမျိုး၏ဘာသာစကား၊ ယဉ်ကျေးမှုနှင့် စိတ်ပါဝင်စားမှုအား မည်မျှအပြန်အလှန်နားလည်လေးစားမှုရှိကြသည့်အပေါ်တွင် များစွာမူတည်နေပါသည်။ ဒါကြောင့်လည်းပဲ နိုက်ဂျီးရီးယားနိုင်ငံအနေနှင့် အမျိုးသားစည်းလုံးညီညွတ်အတွက် ရှေ့ရှုကာ ကျောင်းသူ၊ ကျောင်းသားတိုင်း ဘာသာစကားကြီး ၃ခုထဲမှဘာသာစကားတစ်ခုအားရွေးချယ်သင်ကြားစေရန်အပြင် ၄င်းတို့ ၏မိခင်ဘာသာစကားကိုပါသင်ကြားရန်အတွက် အားပေးပါသည်။ စည်းလုံးညီညွတ်မှုဆိုသည်မှာ ထိုလူမျိုးတစ်မျိုးအားတစ်လုံးတစ်ဝတည်းဖြစ်စေသည့် ၄င်းတို့ ၏ဘာသာစကားမှတစ်ဆင့် ညီညွတ်မှုအင်အားအဖြစ်သို့ တွန်းပို့ ပေးပါသည်။
၎။ ဋ္ဌာနေတိုင်းရင်းသားဘာသာစကားနှင့် ကလေးသူငယ်များဖွံ့ ဖြိုးရေး
ဋ္ဌာနေတိုင်းရင်းသားဘာသာစကား သို့ မဟုတ် မိခင်ဘာသာစကားသည် ကလေးငယ် များအား မိမိ၏လူမျိုးနှင့်ယဉ်ကျေးမှုအမွေအနှစ်အား ချစ်မြတ်နိုးရန်နှင့် လေးစာတန်ဖိုးထားရန်အတွက် အစကနဦးဆုံးသွန်သင်ဆုံးမပေးသည့်အရာဖြစ်သည်။ ဋ္ဌာနေတိုင်းရင်းသားဘာသာစကားများသည် ကလေးသူငယ်များဖွံ့ ဖြိုးရေးအတွက် အောက်ဖေါ်ပြပါလုပ်ငန်းဆောင်တာများအားဆောင်ရွက်ပေးစေသည်။
အရေးပါသည့်လုပ်ငန်းများ
ကလေးငယ်မှ ၄င်း၏မိခင်ဘာသာစကားသုံးစွဲပြောဆိုခြင်းဖြင့် လုပ်ငန်းဆောင်တာကို ပြီးမြောက်အောင်မြင်စေသည်။ ကလေးသူငယ်များမိခင်ဘာသာစကားသုံးစွဲခြင်းဖြင့် ထိုကလေးသူငယ်များအား တန်ဖိုးရှိစွာလူလားမြောက်ရန်အတွက်သွန်သင်လမ်းညွှန်ပေးသည်။
အပြန်အလှန်အကျိုးသက်ရောက်မှုလုပ်ငန်းများ
မိခင်ဘာသာစကားသုံးစွဲပြောဆိုခြင်းဖြင့် ကလေးသူငယ်များသည် ၄င်းတို့ ၏မိဘများ၊ ညီအစ်ကိုမောင်နှမများ၊ ပတ်ဝန်းကျင်များ၊ လူအများ၊ အတန်းဖေါ်များနှင့်ဆက်ဆံပြောဆိုရာတွင် အပြန်အလှန်အကျိုးသက်ရောက်ရှိစေသည်။ မိခင်ဘာသာစကားသုံးစွဲပြောဆိုခြင်းဖြင့် ဖျောင်းဖျပြောဆိုရန်အတွက်သော်လည်းကောင်း၊ တောင်းဆိုမှုပြုလုပ်ရန်အတွက်သော်လည်းကောင်း၊ ဝန်ချတောင်းပန်မှုပြုလုပ်ရန်အတွက်သော်လည်းကောင်း၊ ညွှန်ကြားမှုပြုလုပ်ရန်အတွက်သော်လည်းကောင်း၊ သတိပေးခြင်း၊ နောက်ပြောင်ကျီစယ်ခြင်း၊ ပျက်ရယ်ပြုခြင်းအပြင် စကားနာထိုးခြင်းနှင့် ချီးကျူးထောပနာပြုရန်အတွက်သော်လည်းကောင်း အသုံးပြုကြသည်။ ကလေးသူငယ်များအနေဖြင့် ယင်းဖေါ်ပြပါလုပ်ဆောင်မှုများဖြင့် ယင်းတို့ ၏လိုရာပန်းတိုင်အားပေါက်ရောက်အောင်မြင်စေပါသည်။ လူကြီးများအနေဖြင့်လည်း ၄င်းတို့ ၏မိခင်ဘာသာစကားပြုမူပြောဆိုဆက်ဆံခြင်းဖြင့် အပြန်အလှန်အကျိုးပြုကာ ဦးတည်ချက်ပန်းတိုင်ကိုပေါက်ရောက်အောင်မြင်စေပါသည်။ ကလေးသူငယ်များမှာ ၄င်းတို့ ၏မိခင်ဘာသာစကားပြောသူနှင့်အပြန်အလှန်ဆက်ဆံပြောဆိုချိန်တွင် စကားပြောခြင်းစည်းမျဉ်းစဉ်းကမ်း သို့ မဟုတ် လူ့ အသိုင်းအဝန်းအတွင်း ပြောဆိုသုံးစွဲသည့် စကားလုံးအသုံးအနှုန်းကိုပါ သင်ယူရရှိပါသည်။ ကလေးသူငယ်များအနေဖြင့် ၄င်းတို့ ၏ဒေသသုံးတိုင်းရင်းသားဘာသာစကားမှတစ်ဆင့် စဉ်းစားတွေးခေါ်မှု၊ ဗဟုသုတနှင့်တတ်သိနားလည်မှုများနှင့်အတူကြီးပြင်းလူလားမြောက်လာသည်။
ကလေးသူငယ်အနေဖြင့် လူ့ အသိုင်းအဝန်းအားသင်ယူလေ့လာရာတွင် တစ်ဦးနှင့်တစ်ဦးအတွေးအခေါ်များ၊ ခယနှိမ့်ချမှုများ၊ သည်းခံစိတ်ထားရှိမှုများနှင့်အခြားသောပတ်ဝန်းကျင်တန်ဖိုးများအား အပြန်အလှန်လေးစားတန်ဖိုးထားတတ်ရန်အတွက်ဖြစ်ပါသည်။ ထို့ အပြင် ကလေးသူငယ်များအား အကောင်းမြင်တတ်သည့်စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း တွေးခေါ်သက်ဝင်စေကာ ၄င်းအား အမူအကျင့်ကောင်းများ၊ တာဝန်ယူတာဝန်ခံနိုင်မှုများ၊ နှိုင်းဆချင့်ချိန်နိုင်မှုများနှင့် စည်းကမ်းရှိသည့်နိုင်ငံသားတစ်ဦးအဖြစ် မကောင်းမှုဒုစရိုက်ဟူသမျှအားရှောင်ရှားကာကွယ်ပေးစေပါသည်။
ယင်းနောက်တွင် ကလေးသူငယ်အနေဖြင့် အမျိုးသားတိုးတက်ဖွံ့ ဖြိုးရေးအတွက် ကိုယ်ကျင့်တရားကောင်းသည့်နိုင်ငံ့အတွက်စွမ်းဆောင်သူကောင်းတစ်ဦးဖြစ်လာမည်။
အုပ်ချုပ်မှုယန္တယား
ဋ္ဌာနေတိုင်းရင်းသားဘာသာစကားများပြောဆိုသုံးစွဲခြင်းဖြင့် လူမျိုးတစ်မျိုး၏အားအမူအကျင့်အား အောက်ပါအတိုင်းထိန်းကျောင်းတည့်မတ်နိုင်ပါသည်။
တားမြစ်ချက်
ကလေးသူငယ် နှင့် အရွယ်ရောက်သူအတွက်ပါမကျန် တားမြစ်ချက်အားပြဋ္ဌာန်းရာတွင် “ကျွန်ုပ်၏ဘောလ်ပင်အားမယူရ ” “ကျွန်ုပ်ကိုမစမနောက်ရ” “မခိုးရ ” “အဲဒါကိုမလုပ်ရ” “ကျွန်ုပ်ကိုမမေ့ပါနှင့်”။
အရွယ်ရောက်သူများအတွက်မှာမူ ”ဤနေရာတွင်အပေါ့မသွားရ ” ”မသမာမှုဖြင့်စာမေးပွဲခိုးကူးခြင်းကိုရှောင်ကြဉ်ပါ ” ” ရာဇဝတ်မှုမပြုလုပ်ရ” ”ဆိုးသွမ်းသူများနှင့်ပေါင်းသင်းဆက်ဆံခြင်းမပြုရ”
ကလေးသူငယ်သည် ယင်းတို့ ၏မိဘများအား ”ကျွန်တော်ကို၊ ကျွန်မကို မရိုက်ပါနှင့် ” ”ကျွန်တော်ကို၊ ကျွန်မကို ကိုယ်ထိလက်ရောက်မကျူးလွန်ပါနှင့် ” ”ကျွန်တော်ကို၊ ကျွန်မ၏လက်ဘက်ရည်ကိုမသောက်ပါနှင့်”
အထက်ပါစည်းကမ်းတားမြစ်ချက်အားလုံးသည် လူသားများ၏အမူအကျင့်များအား ဖြည်းဖြည်းခြင်းပုံသွင်းပေးစေပါသည်။ စည်းကမ်းဥပဒေပြဋ္ဌာန်းရာတွင် မိခင်ဘာသာစကားဖြင့်အသုံးပြုကြသည်။
သတိပေးမှု
အထူးသဖြင့် လူတစ်ဦးတစ်ယောက်မှ အမူအကျင့်များမပြုပြင်လာပါက မိဘများသုံးနေကျစကားများဖြစ်သည့် ဓနောက်တစ်ခါထပ်လုပ်ရင် မင်းကိုဒဏ်ပေးရလိမ့်မယ် ဓ ဓနောက်တစ်ခါထပ်လုပ်ရင် မင်းရဲ့စက်ဘီးကိုသိမ်းမယ် ဓ ဓမင်းအကျင့်မပြင်ဘူးဆိုရင် မင်းညီမနဲ့ အတူမလိုက်ခိုင်းဘူးဓ ဒါမှမဟုတ် ကျောင်းအာဏာပိုင်မှကျောင်းသား၊ ကျောင်းသူများအား ဓမင်းသာဒီလိုဆက်ပြီးလိမ်နေမယ်ဆိုရင် ထောင်ထဲထည့်မယ်ဓ
သဘောမတူနိုင်သည့်အမူအကျင့်
“အဲဒါတော်တော်ဆိုးတယ်။” “မဟုတ်သေးဘူး။ ရပ်တန်းကရပ်လိုက်ပါ။ ”
စိတ်ခံစားမှုနှင့်သက်ဆိုင်သည့် စာများ
“မင်းအမေကိုမင်းအဲဒီအတိုင်းထားပြီးသတ်လိုက်တော့မှာလား။”
“မင်းအဖေကိုသွေးတိုးတက်အောင်လုပ်နေတာလား။ ရပ်တန်းကရပ်လိုက်ပါတော့။ မင်းအဖေရဲ့ခြေရာကိုနင်းတော့မှာလား။”
အမူအကျင့်အမျိုးအစားပေါ်မူတည်ပြီး စည်းမျဉ်းစည်းကမ်းနှင့်ဒဏ်ခတ်မှုဖြင့်ပြုလုပ်ခြင်း
“အဲဒါမှားတယ်။ ဒါကိုလုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး။”
အထက်ပါစည်းမျဉ်းပြဋ္ဌာန်းချက်များသည် ကျောင်းသူ၊ ကျောင်းသားကလေးများသာမက အရွယ်ရောက်ပြီးသူများအတွက်ကိုပါ အမူအကျင့်များအား တာဝန်ယူတတ်မှုတာဝန်ခံတတ်မှုနှင့် ယဉ်ကျေးသိမ်မွေ့ မှုရှိလာအောင်ပြုလုပ်နိုင်သည်။
ကလေးသူငယ်များအားပြုစုပျိုးထောင်ပေးသည့်ယန္တယား
ကလေးသူငယ်များအားပြုစုပျိုးထောင်းပေးရန်အတွက် ဋ္ဌာနေတိုင်းရင်းသားဘာသာစကားသည် အလွန်ထိရောက်သောတန်ဆာပလာတစ်ခုဖြစ်သည်။
စည်းမျဉ်းစည်းကမ်း၊ စကားပြောဆိုရာအတွက်စည်းမျဉ်း၊ ကိုယ်အမူအယာသုံးဘာသာစကား၊ ယဉ်ကျေးဖေါ်ရွေသည့်စကားများပြောဆိုခြင်းအားဖြင့် ကလေးသူငယ်များသည် ၄င်းတို့ ၏မိဘများပြောဆိုသုံးနှုန်းမှုများမှအစပြုလာသည်။ ထို့ အပြင် ဋ္ဌာနေတိုင်းရင်းသားသီချင်းများ၊ ပုံပြင်များ၊ စကားပုံများ၊ ဆိုရိုးစကားများ၊ စာပေများ၊ ကလေးသူငယ်များအသက်အပိုင်းအခြားအလိုက် စဉ်းစားဥာဏ်စာအုပ်များ၊ အရွယ်ရောက်ပြီးသူများ၏စကားပြောဆိုမှုအတတ်၊ စိတ်ဓာတ်မြှင့်တင်ပေးသည့်သင်ခန်းစာများမှလည်း ကလေးသူငယ်များအား စကားပြောဆိုတတ်ခြင်းနှင့် အပြုသဘောဆောင်သည့်ဝေဖန်ပိုင်းခြားနိုင်မှုအား အထောက်အကူဖြစ်စေသည့်ပေါင်းကူးများဖြစ်ပါသည်။ ကလေးသူငယ်များ၏စူးစမ်းလိုစိတ်များ၊ လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်မှုများ၊ စိတ်နေစိတ်ထားပျော့ပြောင်းမှု၊ အစပျိုးလုပ်ဆောင်မှုများ၊ လက်တွေ့ လုပ်ငန်းကျွမ်းကျင်မှုများနှင့် စက်ပစ္စည်းများဆိုင်ရာတတ်သိနားလည်မှုများအား ပြုစုပျိုးထောင်ရာတွင် မိခင်ဘာသာစကားသုံးစွဲပြောဆိုစေခြင်းဖြင့်နိုင်ငံအတွက်များစွာအကျိုးရှိကာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာသည်သာမက ဘက်စုံဖွံ့ ဖြိုးတိုးတက်ကာ ဖန်တီးနိုင်စွမ်းရှိသည့်နိုင်ငံ့အားအင်းတစ်ခုဖြစ်လာတော့သည်။
(RISEမှ ဆီလျော်အောင်ဘာသာပြန်ထားသည်)
ကိုးကား- http://www.journals.aiac.org.au/index.php/IJALEL/article/view/847/779